ချစ်သူ....
အချစ်ဆိုတဲ့နိယာမတစ်ခုက
နယူတန်လို့ တော့ဘက်ပြန်မှု့ မရှိဘူး
အသွားအပြန်မရှိတဲ့ ဒီအလွမ်းက
အမှားအမှန်လေးတော့ရှိသင့်တယ်နော်....
ချစ်သူ.......
အချစ်ဆိုတာ သခင်အပါးခစား
ကျေးကျွန်တစ်ယောက်အလား
ပုံမှားရိုက်ခံရအောင်လည်း
ငါ့နှလုံးသားက ဒြပ်ဝတ္ထုမဆန်ခဲ့ဘူးးးး
ချစ်သူ..
အချစ်ဆိုတာ ပုံပြင်တစ်ပုဒ်အလား
ထင်ယောင်ထင်မှားဖြစ်အောင်
ဇာတ်ကောင်သရုပ် ပေါ်လွင်အောင်ရေးပြီးမှ
ပြစ်ချက်မရှိအဆုံးသတ်ရအောင်လည်း.
ငါ့နှလုံးသားက ထားရာနေစေရာသွားတဲ့
သက်မဲ့တစ်ခုမဟုတ်ခဲ့ရပါဘူးးးးးး
ချစ်သူ.
သခင်မဲ့တဲ့ပန်းက ခူးချွေသူလက်မနေပျော်
လေနှင့်ရာ မသင်းတတ်တဲ့ ဒီအချစ်
ရင်ဝှက်စကားတီးတိုးရိုက်သံ
အနမ်းစက်များနဲ့  ဝေးပါရစေတော့ကွယ်........
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကိုထာဝရလေးစားလျက်ပါ
မေဟန်နီ


0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment