♥♥..ကျမနဲ့ သူဧ။်ဇာတ်ညွန်း..♥♥
အလွမ်းတွေမိတ်ဖွဲ့ နေခဲ့တဲ့
ဆည်းဆာရဲ့ ညနေခင်းလေးမှာ
သူနဲ့ ကျမ အချစ်တွေကို
စာဖွဲ့ လို့ နေခဲ့ကြတယ်။
အချစ်တွေကယိုဖိတ်
အသည်းတွေပုလ္လင်ထက်မှာ
လွမ်းနာကျနေရတဲ့အဖြစ်က
သဘာဝလွန် ကျောခိုင်းခြင်းမှာ
အနည်မထိုင်သေးလို့ ပါချစ်သူ။
သူနဲ့ ကျမ ဇာတ်ကောင်တွေကိုလှုပ်နိုး
ဇာတ်နာမကျခင် အောင်ပွဲဆင်နိုင်ဖို့ 
အတ္တတွေကိုကျောခင်း
အချစ်ကို ဆော့ကစားလို့ လည်းနေမိခဲ့တယ်။
ရင်မှာပျိုးခဲ့တာပါချစ်သူ
သူစိမ်းဆန်ခဲ့တဲ့ ကစားဝိုင်းထဲက
သက်မဲ့သားကောင်ရဲ့ အငြိသက်သက်နဲ့ 
တွယ်ယှက်ခဲ့တာဆိုရင်တောင်
မုသားမသုံးတဲ့ စကားလုံးဝိုင်းဝိုင်းလေးထဲက
ရှင်က ကျမရဲ့ ဇာတ်လိုက်ပါ...
ညွန်းဖွဲ့ နေတဲ့အလင်္ကာထဲမှာ
ရှင်စေရာစေနိုင်ဖို့  ပေါက်ပင်တွေကိုရိုးမယ်မဖွဲ့ ရက်ပါဘူးချစ်သူ
သတ်မှတ်ချက် စံကိန်းတစ်ခုထဲက
ထွက်ပေါက်မဲ့ခဲ့တဲ့ ကျမရဲ့အဖြစ်က
ဇာတ်ညွန်းထဲကလူကြမ်းတစ်ယောက်လို့ ဆိုစေတော့
ရုပ်သေးရုပ်ဘ၀နဲ့ နေသားကျနေပါပြီ ချစ်သူ......။
♥♥ကဗျာရိပ်♥♥
June.30.2013

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment