♥♥...ညှို့ ...♥♥
လွယ်လင့်တကူ ပြိုပျက်ခဲ့တဲ့နန်းတော်ဟောင်းကြီး
ယုံကြည်မှု့ တွေ က အမှိုက်တစ်စလို ပါလား.......
နင်......အိမ်မက်ခါးခါးတွေသယ်ဆောင်လာတဲ့ နေ့ က
ငါ...ကော်ဖီခွက်မှာ အချိုနည်နည်းလျှော့မိခဲ့တယ်
နင်....ခံစားမှု့ ကို နှစ်သက်ရာလို့ သဘောထား
ငါ့ ......ရွက်တိုင်နဲ့ အတူ နင်ခရီးနှင်ခဲ့တယ်။
နင်ရဲ့ မြို့ ရိုးမှာ ရင်ဝှက်တေးတစ်ပုဒ်နဲ့ အတူ
ငါ့ရဲ့ ရင်ခုန်သံတွေကို ဆေးခြယ်ခဲ့ဘူးတယ်
မာယာများခဲ့တာမဟုတ်ပါဘူးချစ်သူနင်စေရာ ထွက်သွားနိုင်ဖို့ ပါ။
မျက်လုံးလေးတွေရီဝေနေခဲ့တော့
ခါးသက်သက် အနမ်းတွေကငါရင်ကို လာလာရိုက်နေခဲ့တယ်။
ပေါင်းကူးနိုင်ဖို့ တံတားထိုးခဲ့မိတာပါ
နင်......မယုံကြည်နိုင်တော့တဲ့ တစ်နေ့ 
အချစ်ကို ခုတုံးလုပ် အဝေးဆုံးကို ထွက်သွားပေးမှာပါ။
♥♥..ပင့်သက်တွေ လေမှာဝဲတော့လိပ်ပြာလေးတွေက မဲ့ပြုံး ပြုံးကြတယ်။
♥♥..ညှို့ ချက်ပြင်းတဲ့ လောကနံရံပေါ်မှာ♥♥..
ငါလေ နင်မပါတဲ့ ဇာတ်ဝင်ခန်း တစ်ခန်းရပ်ကို ဖျော်ဖြေနေခဲ့တယ်.......♥♥.ချစ်သူ..♥♥
♥♥..အိမ်မက်ဖြစ်လိုက်ပါလား..♥♥..ချစ်သူ..♥♥
(♥♥..ရေးချင်ရာရေးသည်.....♥♥)
♥♥ကဗျာရိပ်♥♥
June.26.2013

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment