♥♥နှုတ်ဆက်မျက်ရည်♥♥
နင်မသိနိုင်ခဲ့သော မနက်ခင်းတစ်ချို့ ရဲ့
အဆိပ်သင့်အိမ်မက်တွေက
အယောင် ယောင်းအမှားမှား
လက်ယှက်လို့ ခေါ်နေကြတယ်။
သရေပေါ်အိပ် သရေနားစားတဲ့
အသုံးအနှုန်းရဲ့ အောက်မှာ
မြို့ ပြတစ်ခုရဲ့ အသရေတွေ
ကွယ်ပျောက်လို့ မှေးမှိန်းခဲ့ရတယ်။
ဆွေးရတယ်..ချစ်သူ
ရင်ခုန်သံတွေကို အစပြုလို့ 
တိုင်တည်ခဲ့တဲသစ္စာတရားမှာ
မျက်ရည်စကိုကမ္မည်းထိုး
ဘယ် ဖူးစာရေး နတ်ကများ ၀င်နှောက်ခဲ့ရတာလဲရှင်။
(ရာသီဥတုလည်းသာယာပါတယ်ချစ်သူ)
သို့ ပင်သောငြားလည်း
တစ်ရာသီစာပွင့်ခဲ့တဲ့ အလွမ်းပင်အောက်မှာ
လွမ်းမျက်ရည်ကို အဖော်ပြုလို့ 
တိတ်တဆိတ်နဲ့  နှုတ်ဆိတ်နေခဲ့ရပီရှင်။
♥♥ကဗျာရိပ်♥♥
July,20,2013

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment