♥♥နှလုံးသား ထောင်ချောက်♥♥
ဒီရင်မှာ မိုးပြေးလေးဖြတ်အပြေး
လေနုအေးလေးတွေ သီချင်းဆိုခဲ့တယ်။
သူပေါ့..
ကျမရဲ့ ဥပက္ခာတရားအောက်မှာ
ထာဝရ ငြိမ်းချမ်းမူတွေနဲ့ အတူ
အတ္တကင်းမဲ့ တဲ့
သံယောစဉ်ကြိုးတွေကို
ဖြတ်တောက်ပစ်ခဲ့တယ်။
သူပေါ့...
အကြင်နာတွေကိုအကြောင်းပြ
မုဒိတာတရားလေးတွေနဲ့ အတူ
ပြယုဂ်လေးတစ်ခုတစ်ခုထဲက
ကျမရဲ့ ရင်ခုန်သံတွေကို
ခိုးယူသွားခဲ့တယ်။
သူပေါ့.......
ရင်တွင်းဖြစ် ဒိုင်ယာလော့တွေနဲ့ 
ရင်ခွင်ကို ခိုစီးလို့ 
အနှိုင်းမဲ့ခဲ့တဲ့ ကျမရဲ့မေတ္တာတရားတွေကို
ရက်ရက်စက်စက်နဲ့  ဈေးကွက်ချခဲ့တယ်။
သူပေါ့....
အတိတ်စိမ်းစိမ်းတွေကိုအကြောင်းပြု
အမုန်းပွင့်လေးတွေ ကြွေစေဖို့ 
ကျမရဲ့ အချစ်ကိုစတေး
ထောင်ချောက်တစ်ခုလည်း ဖန်ဆင်းလို့ ထားခဲ့တယ်။
♥♥ကဗျာရိပ်♥♥
July.17.2013

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment