Tuesday, July 30, 2013

♥♥မေမေ့ အရိပ်♥♥

♥♥မေမေ့ အရိပ်♥♥


ရင်ခွင်ငယ် ချော့သိပ်လို့ 
အပူအပင်လဲ ကင်းခဲ့ပါတယ်
မေမေ။

ထာဝရ ရင်တွေအေးလို့ 
မနက်လင်းစ ပန်းတို့ နဲ့ အတူ
မေမေ မျက်နှာ မှော်ဖူးခွင့်ကို
အိမ်မက်ထိတောင် ယောင်ဖူးခဲ့တယ်
မေမေ။

ရေခြားမြေခြား အလွမ်းများနဲ့ 
ကိုးကွယ်ဖူးတဲ့ မေမေ့ရိပ်ကို
တမ်းတလို့ မှန်းမျှော်
မေ့ သမီးရင် အလွမ်းပန်းတွေစိုက်လို့ နေခဲ့မိတယ်
မေမေ။

မေတ္တာရေ တွေ သွန်းလောင်းခဲ့တဲ့
သြ၀ါဒ တွေကြားထဲမှာ
ပျော်မြူးလို့ စိတ်သန်
စင်္ကြ၀ဠာ ကြီးတစ်ခုလုံး အပြုံးတွေတောင်
ခိုစီးလို့ နေခဲ့ပီ မေမေ။

လန်းဆန်းပါစေမေမေ
ပြုံးပန်းတွေ အလှဆင်လို့ 
မေမေ တစ်ယောက် ကျမ်းမာပါစေ။

♥♥မာတာမိခင်ကြီး ကိုအရမ်းသတိရလို့ နေမိပါသည်။♥♥


♥♥ကဗျာရိပ်♥♥
July,14,2013

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates