Wednesday, July 31, 2013

♥♥ပါးချိုင့်ပေါ်က မျက်ရည်စက်များ♥♥

♥♥ပါးချိုင့်ပေါ်က မျက်ရည်စက်များ♥♥


မျက်ရည်စတွေသွန်းဖြိုးလို့ 
လသာညရဲ့ အမှောင်ကံပါးရံမှာ
ခပ်ထည်ထည့် ပါးချိုင့်ထဲ
အလှတရားတွေကို အမှောင်ထူထူချထားရင်းနဲ့ ပေါ့။


ရှင်ရယ်...မုဒီတာတရားတရားတွေကို
ဖောဖောသီသီသုံးစွဲရင်း
တစ်နေ့ တာရဲ့ စိတ်တွေကို အမောဖြေဖို့ 
အတွေးဘ၀င်တော့ လေဟပ်မိပါရဲ့။


ကွေးကွင်းရခြင်းတွေချောင်ပိတ်ခံရတဲ့အခါ
တစ်ခါတစ်ပင် ပျိုးတတ်တဲ့ အမုန်းက
အပြုံးတွေကို ရင်ဝယ်ပိုက်
နှလုံးသားကို ကွဲကြေစေခဲ့တယ်။

တကယ်တော့ ..ကျမက ဧ၀လည်းမဟုတ်ခဲ့ဘူးရှင့်
ကိုးကွယ်မူကို တိမ်ပေါ်တင်လို့ 
ငွေ့ ရည်အဖြစ်ရွာချပေးတာ
မျက်ရည်စတွေကိုအားနာ
ရင်ခုန်သံတွေကိုခ၀ါချချင်ရုံသက်သက်ပါ။

ဒီနေ့ ...လေပြင်းတစ်ချက်အဝှေ့ မှာ
မျက်ရည်စတွေကထိန်းမနိုင်သိမ်းမရ
မိုးရာသီတွေတောင် ငိုခြင်းချနေပီရှင်.
အချစ်တွေ ဒဏ်ခတ်လို့ 
အမုန်းမျက်ဝန်းတွေ စီးဆင်းလိုက်တာ
နှလုံးသားကိုယ်ထည်တစ်ခုလုံး
ရွှဲရွဲစိုနေခဲ့ပီ ရှင်ရယ်။

♥♥ကဗျာရိပ်♥♥
July,12,2013

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates