♥♥ပုစ္ဆာမဆန်ခဲ့သော သုံးနားညီမျဉ်း♥♥
အရေအတွက်မတူခဲ့သော
တွက်ကိန်းတစ်ခုရဲ့ကြားမှာ
ရလဒ်မဲ့ခဲ့တဲ့ သုညဘ၀နဲ့ 
နေသားကျခဲ့ဘူးတယ်။
စလေတို တစ်ခုကို ဒေါက်ရိုက်ချိုးပြီမှ
ညီမျှခြင်းချဖို့ ကြိုးစားခဲ့တာ
ရင်ကွဲမှတ်တမ်းမှာ
ကမ္ဗည်းထိုးချင်ရုံသက်သက်မဟုတ်ခဲ့ပါဘူးချစ်သူ။
မာယာတွေကိုခြေဆင်း
နင်ခေါ်တဲ့ အပြုံးလက်မှာ
အမုန်းစကားလေး ပါးလိုက်ချင်လို့ ပါ
ဟိုးတုန်းကပေါ့......
ကလေးငယ်တစ်ယောက်ရဲု့
တြိဂံ ချွှန်ချွှန်လေးထဲမှာ
ခဲတံလေးကို မြမြချွှန်ပေးခဲ့ဘူးတယ်။
ခုတော့ ကျမနှလုံးသား
တစ်သားတည်းညီနိုင်ဖို့ 
သုံးနားညီမျဉ်းတွေ ရေးဆွဲခဲ့ရတယ်
အဖြေတွေကလည်းမညီသလို
သီအိုရီလည်း မဆန်ခဲ့ပါဘူးချစ်သူ။
ပွင့်ဖတ်တွေ ရော်ကြွေလို့ 
ပုစ္တာမဆန်ခဲ့သော မျဉ်းပြိုင်ကြားထဲမှာ
ဂန္ဓ၀င်ဆန်ဆန်နဲ့ တယောထိုးခဲ့မိတာ
ဥသြငှက်တွေတောင် လှောင်ပြုံး ပြုံးနေပါရောလားကွယ်။
♥♥ကဗျာရိပ်♥♥
July,11,2013

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment