♥♥ကျိန်စာသင့်အလွမ်း♥♥
သွားစမ်းပါကွယ်
မမြင်စမ်းတမ်းကျခဲ့ရတဲ့မျက်ရည်အတွက်
ခံစားချက်ကို အဆိပ်သင့်ပေးလိုက်မယ်။
အချစ်တွေက ဖန်ခါး
ရော်ရွက်ဝါတွေတောင် မြေခတယ်
စစ်ပါတယ်ဆိုတဲ့ အချစ်
ငါ့အနားက ထာဝရထွက်ခွာသွားတယ်။
ပေးဆပ်မှု တိုင်းရဲ့ အလှတရားတွေ
ငါ့အနားရောက်မှ ညစ်နွမ်းခဲ့ရတယ်
လူတကာပြောနေတဲ့ သိက္ခာတရားကတော့
ယောင်လို့ တောင် လှည့်မကြည့်တော့ဘူး။
ကျေနပ်ပါကွယ်......
မချိမ်းပဲ ရွာခဲ့ရတဲ့မိုးအတွက်
အခါခါရူံးနိမ့်ပါစေ.
သင်္ခါရတရားအတွက်နဲ့ တော့
နှလုံးသားကို အနပညာမဆန်ချင်ပါနဲ့ တော့။
ဒီနေ့ က အလွမ်းရာသီတွေအခိုးခံလိုက်ရလို့ 
ကျေနပ်စွာနဲ့ မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိတယ်
ရင်တစ်ချက် လှစ်ကနဲ့ အပွင့်မှာတော့
အလွမ်းတွေ ကိုကျိန်စာသင့်ပေးခဲ့တယ်ချစ်သူ။
♥♥ကဗျာရိပ်♥♥
July,9,2013

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment