♥♥.အလွမ်းတွေ နဲ့ အတူမိတ်ဖွဲ့  ခြင်း♥♥
ခပ်အက်အက် အနားတွေနဲ့ 
ရင်နှီးနေရတဲ့ ကျမအတွက်
အက္ခရာမတူတဲ့ အချစ်သင်္ကတတွေကို
မော်လို့ တောင် လှည့်မကြည်နိုင်ခဲ့ဘူး။
ချစ်သူဆိုတဲ့ ဝေါဟာရတွေကို
အဓိပ္ပါယ်ဖွင့်ဖို့ ခဏ ခဏအလည်ရောက်ခဲ့မိတယ်
လက်တွေ့ မှာမခမ်းနားနိုင်တဲ့
အညတရ အိမ်မက်လေးထဲမှာပေါ့။
မပြီးဆုံးနိုင်သေးတဲ့ အလွမ်းတွေကို
တခမ်းတနား မဖော်ထုတ်ချင်ပေမဲ့
အိမ်နီးချင်းတွေလို့ ရစ်တွယ်နေတော့
မျက်နှာလွဲဖို့  မ၀ံမရဲဖြစ်မိတယ်ရှင်။
ရေကြည်ရာ မြတ်နုရာရှာဖို့ အတွက်
ခရီးတစ်ထောက်နားခဲ့မိတယ်
ကွင်းပြင်တွေ သွေ့ ခြောက်လို့ 
အဟာရ တွေ ခမ်းခြောက်နေတာ
ချစ်သူလို့ ခေါ်ဆိုရမလားရှင်။
အိမ်မက်တွေအသက်ဝင်ဖို့ 
ပန်းတွေခင်းထားတယ်ချစ်သူ
အနမ်းတွေ ချွှေဖို့  စမ်းရေတွေအေးပေးခဲ့တယ်
အလွမ်းတွေ မသေဖို့ နှလုံးသွေးတွေ
ရှင်သန်ခွင့်ပေးခဲ့လှည့်ပါချစ်သူ။
♥♥ကဗျာရိပ်.♥♥

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment