Sunday, August 4, 2013

♥♥..ချစ်ခဲ့သည်...သို့ သော်..♥♥

♥♥..ချစ်ခဲ့သည်...သို့ သော်..♥♥

ကဗျာမဆန်ခဲ့ သော
မေတ္တာနယ်လွန် အချစ်ပွဲကြီးရဲ့ 
ရိုက်ငင် သံကြားထဲမှာ
အတုအယောင် နှလုံးသားတွေ ဈေးကွက်ခဲ့ကြတယ်။


အနမ်းတွေဝေတဲ့ ညဥ့်နက်မူတိုင်း
ခါးသက်သက် အလွမ်းတွေကို
ခပ်ပါးပါး ခြဲုံလွမ်းလို့ 
ကျမနှလုံးသားတွေ အေးစက်ခဲ့ရတယ်။

ချစ်သူရယ်.....
ရင်ဘတ်ချင်းအငြိ နှလုံးသားချင်းထိခဲ့တဲ့
မျက်မမြင် စကားဝိုင်းလေးထဲမှာ
နယ်ရုပ်တွေဟားတိုက်စေဖို့ 
အကွက် ရွှေ့ ပေးရမယ်ဆို
နှလုံးသားကိုလောင်းကြေးထပ်လို့ 
သရေမပါတဲ့ အရူံးနဲ့ နောက်ဆုတ်လို့ ပေးခဲ့မယ်ချစ်သူ။
နွမ်းလျလျ အပြုံးကြားထဲမှာ
ကောက်ကြောင်းမလှတဲ့ 
အလွမ်းပန်းတွေ ပြန့် ကျဲနေလိုက်တာ
အလိုက်မသိတဲ့ အချစ်တွေက
ကျမနားမှာ ဖရိုဖရဲပါလား။

ချစ်ခဲ့သည်........သို့ သော်
လွမ်းခဲ့သည်.....သို့ သော်
မုန်းခဲ့သည်.....သို့ သော်
အတုအယောင်အချစ်တွေ ဖမ်းစားလို့ 
ကျမ နှလုံးသားလေး အမှောင်ထုတွေတောင်
လွှမ်းခြုံနေခဲ့ပြီလေ။

♥♥ကဗျာရိပ်♥♥
July.4.2013

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates