Sunday, August 4, 2013

ကျေးဇူးပဲ မနက်ဖြန်လေးရေ.....

 ကျေးဇူးပဲ မနက်ဖြန်လေးရေ.....


နေခြည်ရောင်သမ်းအိမ်မက်အလှမှာ
ငါ့နှလုံးသားအရောင်က ခပ်ဖျော့ဖျော့
အိမ်မက်မချို နွေအိမ်မက်က
ခပ်နွမ်းနွမ်း ငါ့အချစ်တွေကိုရိုက်ချိုး
အပြစ်မရှိ အပြစ်ရှာ.....မလှမပ
သံစဉ်ချိုတွေက...ငါ့နားဝမှာခါးသက်သက်ရယ်.....

 
မနက်ဖြန်တိုင်းရဲ့အလှတရား
ငါ့ကျမှ မှောင်နေရသလား
နေ၀င်ချိုချို ဆည်းဆာချိန်က
ငါ့အတွက်ကျတော့ ပူလောင်ပြင်းပြ
ဆန္ဒတစုံပြည့်ခဲ့ရင်ဖြင့်..အချစ်အတွက်ကျတဲ့
ရမ္မက်မီး နင့်အမုန်းကျိန်စာသင့်ခဲ့ပြီ.....
ရက်စက်သူရဲ့ အပြုံး ရူံးနိမ့်သူရဲ့အငို
မေတ္တာလွန်ဆွဲ အချစ်နွံထဲမှာ
တစ်ဝဲလည်လည်ဖြစ်ခဲ့ရင်ဖြင့်
ကျေးဇူးတင်တယ် ငါ့မနက်ဖြန်ရယ်...
နင်သာမရှိခဲ့ရင် ငါ့အချစ်တွေဆက်လက်ရှင်သန်ခွင့်.....??

ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကိုထာဝရလေးစားလျက်ပါ
မေဟန်နီ

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates