♥♥♥အလွမ်းရုပ်ထု♥♥♥
ရွှေရည်ဖြိုးမောက် ထွန်တောက်ချိန်ခါ
မှန်းဆတမ်းတ လွမ်းရသည်သာ
စိမ်းကားရက်စက် ဒီအချစ်သည်သာ
လွမ်းမောဖွယ်ရာ ကောက်ကြောင်းတစ်ခုပါ။
အက္ခရာစာစီ ဒီနှလုံးသားနီနီနဲ့ 
ကြွေပြအောင်လည်း မကျွမ်းရပဲ
ငိုရအောင်လည်း မလွမ်းတတ်ခဲ့
သစ္စွာရှင် မေ့မှာတော့
နှလုံးဘ၀င်တွေ တစ်လှိုက်လှိုက် ရယ်နဲ့ 
ကွန်းခို စရာနန်းပျောက်ခဲ့ပြီ။
ရေပြင်ကျယ် ကောင်းကင်ရယ်နဲ့ 
နှိုင်းဆမမှီ လမ်းပြသည့်က
ဒီအလွမ်း ဒီအချစ် ထောင်ချီမကရှိမယ်ဆိုရင်
ရင်ဝယ် မှတ်တမ်းထားပါရစေ။
အလွမ်းသက်သေ လှိုင်းဂယက်ဝေလည်း
ချစ်စပျိုး မုန်းတစ်သက်မညိုးခင်
ရင်လှိုင်းခက်သံ သဲ့သဲ့ကြားက
မေတ္တာရှင်ရေ.......
တစ်ခန်းရပ်မဟုတ်တဲ့ ဒီနှလုံးသားပြယုဂ်ကို
အလွမ်းရုပ်ထုအဖြစ်တော့ မနေပါရစေနဲ့ ကွယ်.။
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကိုထာဝရလေးစားလျက်ပါ
မေဟန်နီ


0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment