Sunday, July 14, 2013

အမုန်းသင့် ကျိန်စာ

အမုန်းသင့် ကျိန်စာ
သွေးပျက်ခြောက်ချားဖွယ်ရာ ညတစ်ခု
ငါနှလုံးသားလေး အစိတ်စိတ်အမွှာမွှာ
အကြောင်းပြချက်ဆိုတာ ငါတကောကော
စိတ်ထင်တိုင်းကြဲတတ်တဲ့ နင်မှာ
မြူမှုန် တစ်မှုန်စာတောင်
မရှိခဲ့တာ ငါမသိတာမဟုတ်ဘူးချစ်သူ

အိပ်ချင်ယောင်ဆောင်ခဲ့တာ......
ပန်းပျိုးတဲ့ လက် အနာတရဖြစ်မှ
မင်းက မေ့ခိုင်းမယ်ဆို
ငါဖြစ်ချင်တဲ့ ဆန္ဒက လမ်းတစ်ဝက်မှာ
အဆုံးသတ်ရတော့မှာလားးးးးးး
နိဒါန်းရှိပြီ
နိဂုံးမရှိတာ ငါဘ၀လား
လှောင်စရာ ကောင်းတဲ့ လောက
မျက်နှာပြောင်တိုက် ပြီးအရှင်လတ်လတ်
သဂြိုလ်ပစ်ဖို့  ငါ့မှာ သတ္တိမရှိဘူးချစ်သူ......
ငိုကြွေးစရာ နင့် အတွက် မျက်ရည်
ဗလာနတ္တိပါ......
ရင်နာစရာ အသည်းနှလုံးလေး
ချစ်တဲ့သူနားမှာပဲ ထာဝရမှေးစက်နေပြီ
နင် လိုချင်တဲ့ ရလဒ်ကတော့
အမုန်းသင့်ပေမဲ့ အပြုံးတစ်ပွင့်တော့
နင့် ရနေအုံးမှာချစ်သူ.......
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ..

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates