Sunday, July 14, 2013

ညီမလေးအတွက် ချစ်သက်လက်ဆောင်

ညီမလေးအတွက် ချစ်သက်လက်ဆောင်

ညီမလေးရေ

တောင်ကံပါးရံတွေ ပြိုပျက်
ဒီရေတွေ အတက်အကျနဲ့ 
လောကဓါတ်ရဲ့ လှိုင်းသံကြားမှာ
ညီမလေးတစ်ယောက် အဆင်ကောပြေပါရဲ့လား........



နှစ်လွှာအသည်း ရင်မှာထားပြီး
ချစ်ခွန်းဖွဲ့ သီ ချစ်ခြင်းစကား
ညီမလေး ကြားစေ အမြဲထာဝရ
ပျော်ပါစေ........


ညီမလေးရေ မုန်းသံကြားရင်
ဖျားချင်နေတဲ့  ကျမရဲ့ အချစ်ကို
ညီမလေးရဲ့ မေတ္တာနဲ့ ပေါင်းပြီ
ထာဝရပေါင်းကူးတံတားဖြစ်
အစဉ်အမြဲမြင်ပါရစေကွယ်..


အဖြူရောင်ကြိုးတွေ ရင်မှာထားပြီ
မနက်ဖြန်တိုင်း ညီမလေးတစ်ယောက်
အစဉ်ထာဝရ လန်းဆနိးပါစေ
နိုးသော အချိန်ခါ ရင်မှာလန်းဆန်း
ထာဝရ ပန်းတစ်ပွင့် မညိုးနွမ်းပဲ တည်ပါစေ....


သီကုံးဖွဲ့ နွဲ့  အလင်္ကာကြားမှာ
ဟန်ဆောင်ခြင်း ကင်း ညီမလေး မျက်နှာ
လမင်းပမာ အေးမြရိပ်သို့ 
ကြည်နှုးခြင်းတွေ ပေးနိုင်စေ.....


သစ္စာ မေတ္တာ တွေပေါင်း
ဂတိစကားတစ်ခွန်းကို ကျမအသည်း ကမ္မည်းထိုးပြီ
သစ္စာတိုင်တည်ပြုပါသည်.......
ချစ်တာတွေကို စီကာကုံးပြီး
လွမ်းရိပ်ဝေတဲ့  ကျမမျက်လုံးမှာ
ညီမလေး အတွက် ချစ်ခြင်းစကားတွေ
သီကာကုံးပြီပြောပါရစေ.......
အရမ်းချစ်တယ် ညီမလေးရယ်........

ချစ်ဆုံးလေး ဆုဂျေအတွက်  ဟန်နီ အမှတ်တရ ကဗျာလက်ဆောင် ရေးဖွဲ့ ပေးလိုက်တယ်နော်း) မကောင်းရင် ပြောရ၀ူးနော်း)


ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates