အက်ကြောင်းကြားက အချစ်စစ်စစ်
နှင်းပွင့်စက်တွေ ပက်ဖျန်း
ရာသီစက်ဝန်းတွေလည်း
တစ်ပတ်လည်ခဲ့ပြန်ပြီ..
မှိုင်းပြပြ တောင်ညိုမှာ
ငါအလွမ်းတွေလည်း
ရစ်ပတ်ဝိုင်းနေခဲ့ပြီ....အချစ်ရေ...
မှန်တစ်ချပ်လို ပြုံးပေမဲ့
ငါ့မျက်ဝန်းထဲက မျက်နှာက
တစ်ခြမ်းပဲ့တဲ့ လမင်းတစ်စင်းလို
မသာမယာ မှောင်မှိုင်းတဲ့
ကမ္ဘာတစ်ခု အဖြစ်ရှိနေခဲ့ပြီ....
ခြားနားချက်ရဲ့ တစ်ဖက်တစ်ချက်မှာ
ကြေကွဲမှု့ မှတ်တိုင် တစ်ခုရှိတယ်
အချစ်စစ်တို့ ရဲ့ မနက်ဖြန်က
ချိုမြိန်ပါတယ်လို့ ပြောခဲ့ဖူးတဲ့
တစ်ချိန်က စကားသံ
အခုတော့လည်း အလွမ်းတွေကို
ဦးထုပ်လို့ ထည့်ပြီးဆောင်းနေရပါလား......
ကွဲအက်ရာတွေ များနေခဲ့တဲ့
ငါနှလုံးသားက သွေးစိမ်းရှင်ရှင်ထွက်တောင်မှ
နောင်တဆိုတာ ကျောမှာပိုးတဲ့ အိတ်တစ်လုံးလို့ 
နှစ်ခြိုက်စွာ ထုတ်ပိုးပြီး
နင်ပြောခဲ့တဲ့ အချစ်စစ်စစ်ကို
မနက်ဖြန်တိုင်း ရှာဖွေနေဆဲပါ........
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ


0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment