နှလုံးသားမှာ မိတ္ထူမရှိပါ
ကောင်လေးရေ.....
နေမ၀င်တဲ့ အချစ်တွေနဲ့ 
ဆည်းဆာချိန်တိုင်း လွမ်းရတာ
ငါ့အတွက်တော့ ပြဇာတ်တစ်ပုဒ်မဟုတ်ခဲ့ပါဘူးး.......
ကောင်လေးရေ.............
မျက်ရည်ကြားက လွမ်းနေရတဲ့ငါ့ အဖြစ်က
ဝဋ်ကြွေးတစ်ခု ဖြစ်ခဲ့ရင်တောင်
ခပ်နွမ်းနွမ်းပဲကျန်ခဲ့တဲ့ ငါ့ရဲ့အချစ်ကိုတော့
လစ်လျူမချူလိုက်ပါနဲ့ ကွာ
ငါ ချစ်တတ်လွန်းလို့ ပါ...........
ကောင်လေးရေ........
ရင်ကွဲပလက် ခံစားချက်တွေက
အတိတ်ကို ရိပ်မိုးထားပေမဲ့
ထာဝရအတွက် ဒီအလွမ်းက
တစ်သက်စာတော့
မဖြစ်ပါရစေနဲ့ ကွယ်............
ကောင်လေးရေ.......
အချစ်ကိုသီကုံးဖွဲ့ ချင်ပေမဲ့
နားဆင်သူ ခါးမယ်ဆိုလျှင်
ငါ့ရဲ့ နှုတ်ဖျားက ဒီအချစ်စကား
နင်တစ်သက်မကြားစေရပါဘူး ချစ်သူ.........
ကောင်လေးရေ............
လူလူချင်း ပုံမှားရိုက်လို့ ရပေမဲ့....
ငါ့ နှလုံးသာကိုတော့ ပုံမှားရိုက်လို့ မရနိုင်ဘူး
ဘာကြောင့်လဲဆိုတော့
င့ါအချစ်တွေက နင့်ဖြတ်ညုပ်ကပ်လုပ်လို့ ရနိုင်တဲ့
စာရွက်..တစ်စုံ မဟုတ်ခဲ့လို့ ပါ......
အမှန်တော့ချစ်သူရယ်...
ငါ့နှလုံးသားက လေ နင်အတွက်ဆို
မိတ္ထူတစ်စုံ မဟုတ်ခဲ့လို့ ပါ...........
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ


0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment