Friday, July 12, 2013

အလွမ်းစီးချင်း

အလွမ်းစီးချင်း
ချစ်သူ........
ငါ့ဘ၀ ငါ့အိမ်မက်မှာလေ
အချစ်ဆိုတဲ့ မိုးခြိမ်းသံကြားရရုံသက်သက်နဲ့ 
ငါနှလုံးသားမှာ အလွမ်းမိုးရွာနေခဲ့ပြီးသားပါ...........


ပုံပြင်ဆန်ခဲ့တဲ့ ဒီအချစ်
ဒဏ္ဌရီ မဆန်ခဲ့တဲ့ ဒီအလွမ်းတွေနဲ့ 
ကန္တရဆန်ဆန် ခြောက်သွေ့ ခဲ့တဲ့
ငါ့တို့ နှစ်ယောက်အချစ်
တောင်းတစွာနဲ့ ယစ်မှူးခဲ့ကြပြီ..

ရွှေရောင်အိမ်မက်ရဲ့ နောက်ကွယ်
မျှော်လင့်ချက် ရောင်စဉ်တန်းကတော့
ကြေကွဲမှု့ တွေကို ထွေးပိုက်
နေ့ ညပြောင်းနေသရွှေ့ တော့
ငါလည်း ချစ်နေရအုံးမည်ချစ်သူ........

ခြားထားခဲ့တဲ့ တံတိုင်းက
အထီးကျန်ဆန်မှု့ ကို အဖော်ပြု
ရင်တွေကြေမွအောင် ထားခဲ့ပြီးမှာတော့
ဒီ ရင်ဘတ် အသက်ရှင်သရွှေ့ 
ငါ့ ရဲ့ အလွမ်းစီးချင်းကို
တပ်မက်ခုံမင်စွာငြိတွယ်နေအုံးမယ်ချစ်သူ............

ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ


0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates