Friday, July 12, 2013

ပေးတိုင်းပြန်မရတာ အချစ်ဟုခေါ်သည်.......

ပေးတိုင်းပြန်မရတာ အချစ်ဟုခေါ်သည်.......

**************************

ချစ်သူရေ ...

မနွမ်းခင်ကတည်းကပဲ ပဲ့ကြွေခဲ့ရတဲ့ ငါ့နှလုံးသားကို
နတ်ဆိုးတစ်ကောင်လို့ များ
ဝင်ရောက်နှိပ်စက်ခဲ့လေသလားကွယ်


ရေးခဲ့ဖူးတဲ့စာမျက်နှာတွေ
အကြိမ်တစ်ရာမက များနေပေမဲ့
ထားခဲ့ဘူးတဲ့ ငါ့ရဲ့အချစ်က
တစ်သက်စာ အတွက် တစ်ရွက်ပဲ
ရေးခြစ်ခဲ့ဘူးတာပါ........

မေ့လိုက်ပါတော့တဲ့
ပြောထွက်တဲ့စကား သုံးလုံးရယ်ပါ......
ဒါပေမဲ့ ချစ်သူ မေ့တယ်ဆိုတာ
အိပ်ဆေးသောက်သလောက်တော့
လွယ်ကူမယ်လို့ ငါမထင်ပါဘူးးးး

မေ့ခိုင်းပြီး လိုက်နေရရင်....
ချစ်သူ နင်မောနေမှာဆိုးလို့ ပါကွယ်
အပြန်အလှန်ချစ်ခြင်းသဘောက
သံသယတွေကာရန်ပြီး
ညီမျှခြင်းချနေတာက
ဂဏာန်းမပါတဲ့ ရလဒ်လို့ 
နင်တစ်ယောက် အနေခက်မှာဆိုးတယ်........

ရင်ကွဲမြို့ တော်ရဲ့ တံခါးဝမှာ
နင်အတွက် ငါ့ရဲ့အသည်းနှလုံးကို ချိတ်ဆွဲထားတယ်
ဗလာမပါတဲ့ ငါ့ နှလုံးသားက အက်ကြောင်းကြားက
ကွဲအက်ရာလို့ အကြောင်အကြားတော့ နည်းနည်းရှိမယ်ချစ်သူ........

ဒါပေမဲ.....ချစ်သူရယ်
ပုံစံမတူတဲ့ အချစ်တွေက
မမြင်ပဲချစ်ခဲ့ရတဲ့အချစ်မို့ 
အဖြူအမည်း ကွဲတဲ့တစ်နေ့ ကျရင်
နင်ကို မေ့ပေးပါမယ် ချစ်သူ...........

ဘယ်လို ပဲဖြစ်ပါစေ..ငါ့အတွက်
အချစ်ဆိုတာ....ပေးတိုင်းလည်းမရနိုင်တဲ့
ခံစားချက်မဲ့ဒြပ်ဝတ္တူတစ်ခုပါလားကွယ်.......


ချစ်တတ်သူများ ပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ..........


0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates