အဖြည့်ခံနှလုံးသား
▒▐█▀▀▀░ ▄▀▄ ▄▀▄ █▀▄░░░░░░▒▐█▀▄░ ▀▄░▄▀ █▀▀
▒▐█▒▀█▌ █░█ █░█ █░█░░░░░░▒▐█▀▀▄ ░░█░░ █▀▀
▒▐██▄█▌ ░▀░ ░▀░ ▀▀░░░░░░░▒▐█▄▄▀ ░░▀░░ ▀▀▀
ချစ်သူ.......
ငါ့နှလုံးသား ဘယ်ဘက်တစ်နေရာမှာ
နင့်အတွက် ရေးစရာ
စာတစ်ကြောင်းရှိခဲ့မယ်ဆိုရင်
အမုန်းတရားတွေကို စီကာကုန်ပေးပါမယ် ချစ်သူ..
လမင်းသာယာမြေကမ္ဘာလင်းပေမဲ့
နင်နဲ့ ငါ့ရဲ့အချစ်ကမ္ဘာမှာတော့
အမုန်းတွေသာယာပြီး
အလွမ်းတွေပဲလင်းခဲ့တယ်ချစ်သူ......
ချစ်စရာလေးတွေ စီကာချရေးမယ်ဆိုရင်တောင်
အမုန်းယောင်သမ်းနေတဲ့ ငါ့နှလုံးသားက
ရနံမသင်းနိုင်တဲ့ ပန်းခြောက်တစ်တစ်ပွင့်
ဖြစ်ခဲ့ရပြီချစ်သူ...........
မသိချင်ပါဘူးချစ်သူ
အဖြည့်ခံသူ ငါ့အတွက်က
ရင်နာစရာဆိုတာ
ဆောင်းညှင်းလေပြေတစ်ခုမဟုတ်ခဲ့သလို
ညို့ ချက်ပြင်းတဲ့ ခြင်္သေတစ်ကောင်လည်းမဟုတ်ခဲ့ဘူး
သိုးငယ်တစ်ကောင်လို့ 
မြင်လွှာချပြီ နေလာရတဲ့ ငါ့ကို
မဲ့ပြုံးမပြုံးပါနဲ့ ချစ်သူ
လှောင်ကြည့်လည်း မကြည့်ပါနဲ့ 
အသက် မ၀င်တဲ့ ခြေလှမ်းတွေကြောင့်
မင်းအနေခက် မှာစိုးလို့ ပါကွယ်............
အဖြည့်ခံသူ ငါ့အတွက်က
ရင်နာစရာဆိုတာ
ဆောင်းညှင်းလေပြေတစ်ခုမဟုတ်ခဲ့သလို
ညို့ ချက်ပြင်းတဲ့ ခြင်္သေတစ်ကောင်လည်းမဟုတ်ခဲ့ဘူး
သိုးငယ်တစ်ကောင်လို့ 
မြင်လွှာချပြီ နေလာရတဲ့ ငါ့ကို
မဲ့ပြုံးမပြုံးပါနဲ့ ချစ်သူ
လှောင်ကြည့်လည်း မကြည့်ပါနဲ့ 
အသက် မ၀င်တဲ့ ခြေလှမ်းတွေကြောင့်
မင်းအနေခက် မှာစိုးလို့ ပါကွယ်............
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ

0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment