Friday, July 5, 2013

ပန်းတော့ပန်းပဲ ......ဒါပေမဲ့ တစ်ပွင့်ပန်း...

ပန်းတော့ပန်းပဲ ......ဒါပေမဲ့ တစ်ပွင့်ပန်း...



ချစ်သူ.....
ဆေးစက်ကျရာ အရုပ်ထင်ချင်သလို
သွေးစက်ကျရာ နှလုံးသား အက်ကွဲချင်တယ်..
အမှောင်ကမ္ဘာမှာ တိုးဝင်စွာပျော်မြူးခဲ့ဘူးတဲ့
ပိုးဖလံလို မီးကမ္ဘာဆိုတဲ့ အလင်းတောမှာလည်း
ကျက်စားပျော်မြူးချင်တယ်..........



ချစ်သူ....
နွေကမ္ဘာမှာ ပူလောင်ခဲ့တဲ့ရင်ကို
အဆွေးတောထဲမှာ မထားခဲ့ချင်ပါနဲ့ 
ဂတိဆိုတဲ့ စာချူပ်က ဖောက်ပျက်ဖို့ မဟုတ်ဘူး
ကျင့်ဝတ်ဆိုတဲ့ အချစ်နယ်ပယ်မှာ
အစစ်ကလေး ထုဆစ်ချင်လို့ ပါ။

ချစ်သူ..........
အသွား အပြန်ဆိုတာ မရှိရင်
အိမ်ပြန်လမ်း နောက်ကျနေလိမ့်မယ်
သစ္စာဆိုတာ မရှိရင် နှလုံးသားလေး
အဟာရချို့ တဲ့သွားလိမ့်မယ်.ချစ်သူ..
ချစ်သူ.........
မြင်သာ မြင်မကြင်ရတဲ့ ဘ၀မှာ
စေတနာကို ပုံမှားရိုက်ဖို့ မကြိုးစားချင်ပါနဲ့ 
ငါနှလုံးက တံဆိပ်ကပ်ပြီးသားမို့ ပါ.
ရင်ခွင်တကာ လှည့်လည်နေတဲ့
ရှင်လို လူမှာ တော်ကောက်စရာ
မိဖုရားတစ်ပါးတော့ အဆင့်သင့် ရှိနေပြီးသားပါ...
ချစ်သူ ကျမချစ်တဲ့ အချစ်တွေ လေနဲ့ အတူမျောသွားပြီး
ချစ်သူ ကျမလွမ်းခဲ့ အလွမ်းတွေ သိမ်းထုတ်သိမ်းဆည်းလိုက်ပြီ
ချစ်သူ ကျမ ကြေကွဲစွာ ကျခဲ့တဲ့ မျက်ရည်တွေ ရေငွေ့ အဖြစ်ပြန်ကုန်ပြီ.
ချစ်သူ စေတနာ စကားတွေကို ရင်လွှာကြားက ကြားနိုင်စေဖို
ကျမ မဆုတောင်းတော့ဘူးးး ဘာကြောင့်လဲဆိုတော့
ငိုရက်ရှည်မှာ စိုးလို့ ပါကွယ်..........

ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ။
မေဟန်နီ


0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates