Saturday, July 6, 2013

မေတ္တာပျက် ဆုတောင်းခြင်းမျိုး မဖြစ်ပါရစေနဲ့ကွယ်.........

မေတ္တာပျက် ဆုတောင်းခြင်းမျိုး မဖြစ်ပါရစေနဲ့ကွယ်.........

 

ချစ်သူရေ.........
ငယ်စဉ်ဘ၀က တမ်းတဖူးတဲ့
ခလေးတစ်ယောက်ရဲ့ ငိုခြင်းမျိုး
တောင်းတဖူးတဲ့ရလဒ် ဆိုတာ
အပြစ်ကင်းစင်ခဲ့ပါတယ်..........



ချစ်သူရေ.........
နေရာတွေ ခြေချလာတဲ့နဲ့ အမျှ
စိတ်ဆိုတဲ့ အရာ ညစ်ပေစွန်းထင်မှု့ 
များလာတယ်ဆိုတာ နင်လက်ခံမယ်ဆိုတဲ့
တစ်နေ့  ငါ.ဒူးထောက်ပြီးပြောပါရစေ..
ချစ်သူရေ.......
မမြင်နိုင်တဲ့ သံယောဇဉ်နှောင်းကြိုးတစ်စ
ငါ့ရဲ့ ရင်မှာ ရစ်တွယ်လာခဲ့ပြီ.........မှ
ဆက်ထုံးကိုဖြတ်ပြီး တစ်သက်မုန်းဖို့  ကြိုးစားမယ်ဆိုလျှင်
ဒီလိုလူ ငါ့ရင်ဘတ်က သေတာတောင် အနာပျောက်မှာ
မဟုတ်ဘူးချစ်သူ...........
ချစ်သူရေ.....
စိတ်ချင်းဆက်ပြီး မှ အရိပ်ချင်း မကပ်တာ
ငါက ညံ့ခဲ့လို့ လားးး
မေတ္တာတံတိုင်းမှာ သစ္စာတွေမချည်ခဲ့လို့ 
အပြစ်ရှာခဲ့တယ်ဆိုရင်တောင်
အသစ်ရှာသူနင့်အတွက်...
အချစ်တွေက ခပ်ရှာရှာပဲနေမှာပါ.......
ချစ်သူရေ.......
အိမ်မက်ကမ္ဘာက တိုးတိုးလေးပြောတယ်
ကြယ်မလင်း လမသာ အမှောင်ကမ္ဘာလွှမ်းနေတာ
နင့် ရဲ့သစ္စာမမြဲလို့ တဲ့.....

ငါကတော့ ပြောလိုက်တယ်..ချစ်သူကမ္ဘာ အစွန်းတစ်ဘက်မှာ
ဝင်ရိုးစွန်း နှစ်ဖက်ကြားက အချစ် အမုန်း ကို
အပြုံးမျက်နှာနဲ့ ဆက်ပြီး သစ္စာရှိစွာစောင့်နေပါမယ်လို့ .............
ဒါပေမဲ့ချစ်သူ မေတ္တာတွေအရောင်ပျက်ခါမှ
ဆုတောင်းရတဲ့ အဖြစ်မျိုးထိ သစ္စာမစောင့်သိပါရစေနဲ့............ကွယ်။





ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ.

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates