နယ်ရုပ်လေး တစ်ရုပ်ဖြစ်ခဲ့မည် ဆိုပါလျှင်.

ချစ်သူ.........
မျှော်တော်ယောင် ဘ၀ကနေ
လွတ်လပ်ခွင့်ပေးပါတော့
အတိတ်ရဲ့ တည့်တည့်မှာ မျှော်ကြည့်ဖို့ မကောင်းတဲ့
အလွမ်းဇာတ်လမ်းတစ်ပုဒ်ကို..
အက္ခရာ မစီ စာမညီပဲ
ချရေးလိုက်တဲ့ အလွမ်း
ဘယ်မှာများပုန်းနေတာလဲကွယ်..........
အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းရဲ့ တစ်ဖက်က
ဆုံးရူုံးမှု့ တစ်ခုလား..?
အံသြမှု့ တစ်ခုရဲ့ အဆုံးသတ်
ပြယုဂ် တစ်ခုလား?
ဘာညာသိဖို့ ထက်..
အထာလေးတော့သိဖို့ လို တယ်.........
အညှာလွယ်တယ်တဲ့လား
မဆွတ်ခင်က ညွှတ်ချင်တာ
နှလုံးသားရဲ့ ဆန္ဒတစ်ခုပါ..
အသံမပါပဲ ကွဲအပ်ရမည့် ငါ့နှလုံးသားကို
အရောင်လေးတော့ ခြယ်ခွင့်ပေးပါ။
ငိုသံရဲ့အဆုံးမှာ အတိတ်ရဲ့အရိပ်တွေက
ငါကို လှမ်းကြည့်နေကြပြီ.....
ရယ်မောခြင်းကတော့ အလှမ်းကွာတဲ့
အလွမ်းကမ္ဘာမှာ တိုးတိုးတိတ်တိတ်ရယ်ပါ.......
မရေးချင်ဘူး အလွမ်းကဗျာတွေ
မတွေးချင်ဘူး မင်းရဲ့အကြောင်းတွေ
မချစ်ချင်တော့ဘူး မင်းရဲ့ အရိပ်တွေ
မသိချင်တော့ပါဘူး မင်းရဲ့ အကြောင်းတွေ
ဝေဒနာကို အံတုပြီး
စစ်တုရင် ကစားပွဲက နယ်ရုပ်တစ်ရုပ်တော့
အဖြစ်ပါရစေနဲ့ ကွယ်........
နယ်လွန်ခဲ့ပေမဲ့ မုသားမဟုတ်ဘူး
ကြေငြာခဲ့ပေမဲ့ မနိုင်ခဲ့ပါဘူး
ရေဆုံးမြေဆုံးရှာခဲ့တဲ့ ငါနှလုံးသားက
မင်းကစားတဲ့ကစားဝိုင်းက မလှမပနဲ့ 
အဆုံးသတ်ခဲ့တဲ့ နယ်ရုပ်လေး တစ်ရုပ်....
ဖြစ်ခဲ့မည်ဆိုပါလျှင်..................?????????????????
ွှအတောင်ညောင်းရင်တောင်
အဆောင်မပြောင်းဖို့  ငါ့ နှလုံးသားကို
မြေမြှုပ်ပစ်လိုက်တော့မယ် ချစ်သူ........း)
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment