Sunday, July 7, 2013

အချစ်ရပ်ဝန်းမှာ အလွမ်းမိုးစက်တွေနဲ့ အတူ

အချစ်ရပ်ဝန်းမှာ အလွမ်းမိုးစက်တွေနဲ့ အတူ


မိုးစက်မှုံတွေကြားမှာ ၀ိုးတ၀ါးအရိပ်တစ်ခု
ဖျက်ခနဲ့ တွေ့ လစ်ခနဲ့ ခုန်တာ အဲဒါအချစ်တဲ့
အပြုံးတွေကို ကိုယ်ဆီပိုက်...
အတွေးပင်လယ်ထဲမှာ သူရယ် ကိုယ်ရယ်
နှစ်ယောက်တည်းကမ္ဘာပါ............


အချစ်ဦးမို့ တစ်သက်မမုန်းဆိုရင်
အပြစ်ဆူးတွေလည်း မငြိကြရအောင်ကွယ်
ကြယ်တာယာလမင်း စုံတဲ့ညက
ဒို့ နှစ်ယောက်ရဲ့ တစ်ကမ္ဘာဆို
အမှောင် ကမ္ဘာဖုံးလွမ်းသွားရင်လည်း
နေချင်တာ လည်း မင်းအနားပါ.........

ဆုံတွေ့  ရန်ခက်တဲ့ရက်တွေ
လက်ချိုးကာရေပြီ မောင်အလာကို
မေ့ လှမ်းမျှော်ပါရစေ........
စေခိုင်းမှု့ ရဲ့ နောက်တော်ပါးက သခင်မျက်နှာ
တစ်ချက်ညိုးမှာကို အမှာတော်ပါးစာလွှာကြားက
ရင်ဝှက်ပန်းစကားတစ်ခွန်းပြောချင်တယ်...
သိပ်ချစ်ပါတယ် အချစ်ဦးရယ်...

နှလုံးသားရဲ့ တစ်ဒေါင့်တစ်စွန်းမှာ
အလွမ်းမိုးလေး တွေကျနေပြီ
မိုးစက်ကြားက ချစ်သူမျက်နှာ
ထင်ယောင်ထင်မှား အချစ်ကြားမှာ
ပျော်ပိုက်ပါရစေ..........အချစ်ဦးရယ်..

ငွေလရောင်သမ်း ကြည်ပြာကောင်းကင်
တောက်သော အချိန်မှ မှန်းမျှော်တမ်းတ
မေ့မရသည် ယနေ့ ထိတိုင် တည်ပါစေ.........
လွမ်းကာသီဖွဲ့ ချစ်ခြင်းဖလှယ် ရင်ဝယ်စကား
ချစ်သူကြားစေ မုန်းမရသည်က မေ့ မှာတမ်းး

မျက်ဝန်းရှင်ရဲ့စကား
တိတ်တခိုး အရိပ်နဲ့ 
စိတ်ထမ်းပိုးလည်း ထန်ခဲ့တယ်
သံယောဇဉ်ကြိုး နှောင်ကြိုးယှက်သွယ်
အချစ်ရပ်ဝန်း မှာ ပနံတင့်လို့ 
အလွမ်းမိုးစက်လေးတွေရွာနေပြန်ပြီ...အချစ်ဦးရယ်........

ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ။
                                             ကျေးဇူးတင်ထိုက်သူများကို အထူးကျေးဇူးတင်ရှိပါသည်။

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates