လွမ်းလှပြီ ဖူးစာရှင်
ငိုလျက်နဲ့ လည်းလွမ်း
ကြွေလျက်နဲ့ လည်း နွမ်း
နှုတ်ခမ်းဖျားမှကျတဲ့
မျက်ရည် ကြွေလုလုဆဲမှာ
အသည်းတံခါးလေး
ဖွင့်ထားပါရစေ.......
ပိုပိုသာသာလေးပြောပါရစေ
ရင်မှာလည်းအကြင်နာတွေနဲ့ 
ဝေဒနာတွေလည်း ပေးရက်တယ်
ဟောင်းနေပေမဲ့ မပြောင်းလဲပါဘူး
စောင့်နေပေမဲ့လည်း မလာခဲ့ပါဘူး........
လွမ်းသူသာမောရင်
ကျန်တဲ့သူကတော့ အရူးပေါ့ကွယ်
ပဉ္စလက်မျက်နှာပြင်မှာ
မာယာကွန်ယက်တွေရောယှက်ပြီး
ပန်းတံတားလေးတွေခင်းထားခဲ့ပါတယ်.....
ဖူးစာမှန်ရင် ဦးရာဆိုတာ
နေမထိပဲကြွေရမဲ့
အညတရ တစ်ခုပါ..
ဆိုင်သူသာသိမယ်ဆို
မျှော်ရာလှမ်းကို အရောက်လာလို့ 
ပန်းမျိုးတစ်ရာ ပျိုးပါရစေကွယ်....
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ.
မေဟန်နီ
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment