Monday, July 8, 2013

နှလုံးသားမှာ အမုန်းတံတားလေး ခင်းခဲ့သည်.။

နှလုံးသားမှာ အမုန်းတံတားလေး ခင်းခဲ့သည်.။



အသည်းမဏ္ဌိုင် စိုက်ပြီး ရွက်လွင့်ချင်သလို ရွင်လွင့်ရအောင်
ငါ့ နှလုံးသားက နင့် ခိုင်းစေလို့ ရတဲ့ ကော်ပတ်ရုပ်မဟုတ်ဘူး
ချစ်လား ချစ်လား ခဏ ခဏမမေးနဲ့ 
ချစ်ရင် တွဲမယ် မချစ်ရင် ခွဲမယ်........
အသည်းမာတာမဟုတ်ဘူး ချစ်သူ
အသည်းနာနေတာ.........


ပုံစံခွက်ထဲ ထည့်ြုပီး လိုရာပုံသွင်းရအောင်
ပျော့ပျောင်းနေတဲ့ ဖော့ဖယောင်းမဟုတ်ဘူး
ငိုချင်တာတောင် အံကြိတ် အသည်းတွေက
အစိတ်စိတ်အမွှာမွှာကြွေနေတာတောင်
ကောက်ယူဖို့ ကြိုးစားတာက
အတ္တရဲ့ နောက်ကွယ်က နင့် ရဲ့ မိုက်မဲမှု့ ပဲ............

အဖြူရောင် ကန့်လန့် ကာ ကြားက
ရွှေအိုရောင် ဒီအချစ်ကို
နံသာရောင်သုတ်လိမ်းပြီး
လှလှပပ မထားတတ်တဲ့ နင့်အတွက်
တန်ရာတန်ကြေးပေးလိုက်မယ်......ချစ်သူ

ချစ်တတ်သူများ ပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလးစားလျက်ပါ
မေဟန်နီ


0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates