အသည်းတစ်ခြမ်းတော့ လွမ်းခွင့်ပြုပါချစ်သူ..........

ချစ်သူ...........
ယိုင်နဲ့ နဲ့ အလွမ်းကြားမှာ
ဒဏ်ရာကို ကိုယ်စီပွေ့ ဖက်
နှစ်တစ်ရာမကအောင်လည်း
လွမ်းချင်တယ်.....
လေညှင်းဆောင်ရာ ပန်းကမ္ဘာမှာ
ပျော်မွေ့ စွာလည်းနေခဲ့ဘူးတယ်
ခုတ်ရာကတစ်ခြား ပြတ်ရာတစ်လှည့်နဲ့
သေလောက်အောင်လည်း ခံစားဘူးတယ်....
ရေးဆွဲဖူးတဲ့ အချစ်အသတ်က
စွန်းထင်မှု့ တွေများခဲ့တော့လည်း
ပေတရာမှာ အကူမပါပဲ
လျှောက်ရသလို ပူလောင်တာပဲ
ခံစားခဲ့ရတယ်........
အချစ်ကို အပြုသဘောဆောင်ခဲ့လေတော့
ဟန်ဆောင်ခြင်းမရှိတဲ့ သံသယက
ငါတို့ နှစ်ယောက်ကို ၀ါးမျိုးပစ်လိုက်လေပြီ
ငါချစ်ခဲ့တဲ့ အချစ်က နင်အတွက်
တန်ဖိုးမရှိရင် နင်ချစ်ခဲ့အချစ်ကလဲ
သိက္ခာမဲ့ခဲ့ပြီချစ်သူ.......
ရှက်ပြုဲံးတစ်ချက်ပြုံးပြီး
တစ်သက်မုန်းဖို့ ကြိုးစားရင်
ကျန်နေသူငါ့ ရင်ဘတ်မှာ
ခြေချစရာ နင့်အတွက် အသည်း
.နည်းနည်းလေးတောင် မကျန်တော့ဘူးကွယ်...

ချစ်သူ...........
ယိုင်နဲ့ နဲ့ အလွမ်းကြားမှာ
ဒဏ်ရာကို ကိုယ်စီပွေ့ ဖက်
နှစ်တစ်ရာမကအောင်လည်း
လွမ်းချင်တယ်.....
လေညှင်းဆောင်ရာ ပန်းကမ္ဘာမှာ
ပျော်မွေ့ စွာလည်းနေခဲ့ဘူးတယ်
ခုတ်ရာကတစ်ခြား ပြတ်ရာတစ်လှည့်နဲ့
သေလောက်အောင်လည်း ခံစားဘူးတယ်....
ရေးဆွဲဖူးတဲ့ အချစ်အသတ်က
စွန်းထင်မှု့ တွေများခဲ့တော့လည်း
ပေတရာမှာ အကူမပါပဲ
လျှောက်ရသလို ပူလောင်တာပဲ
ခံစားခဲ့ရတယ်........
အချစ်ကို အပြုသဘောဆောင်ခဲ့လေတော့
ဟန်ဆောင်ခြင်းမရှိတဲ့ သံသယက
ငါတို့ နှစ်ယောက်ကို ၀ါးမျိုးပစ်လိုက်လေပြီ
ငါချစ်ခဲ့တဲ့ အချစ်က နင်အတွက်
တန်ဖိုးမရှိရင် နင်ချစ်ခဲ့အချစ်ကလဲ
သိက္ခာမဲ့ခဲ့ပြီချစ်သူ.......
ရှက်ပြုဲံးတစ်ချက်ပြုံးပြီး
တစ်သက်မုန်းဖို့ ကြိုးစားရင်
ကျန်နေသူငါ့ ရင်ဘတ်မှာ
ခြေချစရာ နင့်အတွက် အသည်း
.နည်းနည်းလေးတောင် မကျန်တော့ဘူးကွယ်...
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ
မေဟန်နီ။.
0 ခုပြန်လည်ပြောဆိုထားသည်။:
Post a Comment