Tuesday, September 24, 2013

♥♥♥ တိမ်ငွေ့ စားသုံးသူများ♥♥♥

♥♥♥ တိမ်ငွေ့ စားသုံးသူများ♥♥♥


သက်ရောက်မူတိုင်းရဲ့ အကျိုးတရားတွေ
ဘက်ပြန်မှု့ မရှိတဲ့ အကြောင်းတရားတွေ
လမင်းကို စိန်ခေါ် ကမ္ဘာကိုပျက်သူန်းစေဖို့ 
မသတီစရာ အတ္တအချင်းချင်း ရန်တိုက်လို့ ပေးခဲ့တယ်။

ငါက အလင်းမရှိတဲ့
အမှောင်အတိနဲ့ လူသားတစ်ယောက်ပါ
လိုအပ်တာကို ချန်လို့ 
မလိုအပ်တာကို တန်းဖိုးထား
အများအမြင်မှာ ရူးကြောင်ကြောင်လူတစ်ယောက်ပေါ့။

ကမ္ဘာပေါ် ခြေချတာ
စိမ်းလန်းတဲ့ သဘာဝတရားတွေ
ဘေးသင့်စေဖို့ မဟုတ်ဘူး
ငတ်မွတ်ခေါင်းပါး လူတန်းစားကို
ခေါင်းပုံဖြတ်ဖို့ မဟုတ်ဘူး
လူမမည်တဲ့ လူတစ်ယောက်ဖြစ်ဖို့ 
အနှစ်သာရ ရှိပါစေ။

ေ၀၀ါးတာ အနာဂတ်မဟုတ်ပါဘူး
စိတ်ကိုစိတ်ချင်းသတ်
အတိတ်ကို ဘက်ပြန်လှည့်
မလိုသမာ ရန်ငြိုးတွေနဲ့ 
လက်ရှိနေရာကို မရောင်ရဲနိုင်ခဲ့တာပါ။

အို..အသင်လောက
မြည်သံစွဲတွေများခဲ့တဲ့
ဘ၀တစ်ဆစ်ချိုးအကွေ့ မှာ
မည်သူကောင်းကျိုး သယ်ပိုးမှာလဲ
အိမ်သားအချင်းချင်း ရန်ပွဲဆင်
တိမ်ငွေ့ စားသူများ မဖြစ်ရအောင်လား မိတ်ဆွေတို့ ။



♥♥♥ကဗျာရိပ်♥♥♥
ှSeptember,7,2013

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates