Tuesday, September 24, 2013

♥♥♥ ချစ်သူကမ်းသော လက်တစ်စုံ♥♥♥

♥♥♥ ချစ်သူကမ်းသော လက်တစ်စုံ♥♥♥


လေးလေးနက်နက်ပြောလိုက်ချင်ပါရဲ့
အကြိမ်ကြိမ်မျှော်လင့်မိခဲ့သောလက်တစ်စုံက
အစဉ်အမြဲတွဲယှက်နိုင်ဖို့ 
သစ္စာကြိုးနဲ့ ချည်နှောင်ထားကြရအောင်လား
ချစ်ရသူ။


နူးညံ့သိမ်မွေ့ ခြင်းက
အချစ်ဆိုတဲ့ရာသီကို ပေါက်ဖွားစေခဲ့တယ်ဆိုရင်
ငါတို့ နှစ်ယောက်ရဲ့ အနာဂတ်က
ရှင်သန်ခြင်းဆိုတဲ့ သစ်ပင်ကိုပျိုးရမယ်။

ယုံကြည်ခြင်းက
မေတ္တာဆိုတဲ့ အလင်းတန်းကို ထွန်းညို့ ပေးခဲ့မယ်ဆိုရင်
ငါတို့ နှစ်ယောက်ရဲ့ ရင်ဘတ်မှာ
မျှော်လင့်ချက် ရောင်စဉ်တွေ ထွန်းလင်းစေရမယ်။

ကမ္ဘာပေါ်ရှိတဲ့ အချစ်ဝေါဟာရနယ်ပယ်မှာ
အကြင်နာတွေ ရင်ဝယ်ပိုက်
အမှောင်ကိုဖြိုးခွင်းရအောင်ချစ်ရသူ။

ငါတို့ နှစ်ယောက်ရဲ့
မျက်ရည်မိုးတွေ
သံသယနွံ ထဲ မကျွံစေဖို့ 
သံယောစဉ် လက်ကလေးကမ်းပေးပါ။
အမုန်းဆိုတဲ့ ပန်းလေးမပွင့်စေဖို့ 
ရာသီဥတုတွေ မိုးခေါင်းပေးလိုက်ပါလားကွယ်။

မင်းကမ်းတဲ့လက်တစ်စုံမှာ
ငါ့မျက်ရည်တွေ ကမောက်ကမ မဖြစ်စေဖို့ 
အကြိမ်ကြိမ်ဆုတောင်းရင်း
အားတင်းလို့ ပြုံးထားစဲ ပါ
ချစ်ရသူ။

♥♥♥ကဗျာရိပ်♥♥♥
စက်တင်ဘာလ၊ ၁၈ရက် ၊ ၂၀၁၃

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates