Tuesday, November 26, 2013

♥♥♥ တဖက်သတ်ပစ်သော မြှား ♥♥♥

♥♥♥ တဖက်သတ်ပစ်သော မြှား ♥♥♥


ရိုးရိုးလေး ချစ်ခဲ့တဲ့ အချစ်မို့ 
ဆူးနေပါစေ မနုတ်ရက်တော့ဘူး။

ရင်ကြွေဖို့ ကြမ္မာဖန်လာတော့
အလွမ်းတွေ ခိုးခိုးပြုံးတာ
သူတို့ မသိလိုက်ရှာဘူး။

ငါ့က လျော်ကြေးဆိုတာကို
ကြေးစားသုံးတဲ့ စကားလို့ မှတ်ယူထားတာ
တကယ်တော့
ငါ့က နန်းအလယ်မှာ မတင့်တယ်ခဲ့တဲ့
နှလုံးသား သားသတ်သမားဖြစ်ခဲ့ရိုးပေါ့။

ကမ်းလာတဲ့လက်က မြောက်ဝန်ရိုးစွန်းကို
တိမ်းရှောင်သွားတာ
ငါ့ရင်ဘတ်တည့်တည့် ထိမှန်သလိုခံစား
တကယ်ကို ငတုံးကြီးဖြစ်လို့ ။

တကယ်တော့ ရိုးရိုးချစ်တတ်တဲ့အချစ်က
ခါးတတ်တယ်ဆိုရင်
မာယာတော ပျော်တတ်တဲ့နင့်အတွက်
ချိုသာသော စကားလုံးနဲ့ 
လမ်းခင်းလို့ လျှောက်စေခဲ့မှာ အမှန်။

အခုတော့ ကြွေရမလို
ဝေရမလိုနဲ့ 
တစ်တောလုံး မှိုင်းနေလိုက်တာ
နှင်းတစ်မြူတောင် မကျလိုက်ရတဲ့အဖြစ်။

ဘယ်လိုပဲဖြစ်နေပါစေ..
ရိုးရိုးလေးချစ်ခဲ့တဲ့ အချစ်မို့ 
ဆူးနေပါစေ မနုတ်ရက်တော့ဘူး။



♥♥♥ကဗျာရိပ် ♥♥♥
နိုဝင်ဘာလ၊ ၃ရက်၊ ၂၀၁၃

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates