Friday, November 29, 2013

♥♥♥ ချစ်သူလျှောက်သောလမ်း ပန်းဖြစ်စေ ♥♥♥

♥♥♥ ချစ်သူလျှောက်သောလမ်း ပန်းဖြစ်စေ ♥♥♥


အချစ်တွေက ဝေ
ပန်းခရေက ကြွေ
တစ်သက်မှာ တစ်ခါချစ်
ချစ်သူ လျှောက်သောလမ်း
ပန်းတွေနဲ့ ပြည့်စေ။

ချစ်ရသူရေ..
ဆုပ်ကိုင်ခွင့်မရှိတဲ့လက်က
အလွမ်းနဲ့ ပြည့်နှက်နေသလို
အချစ်မရှိတဲ့ လမ်းက
ဆူး ခရောင်းလို ကြမ်းတမ်းသတဲ့
အဲဒီတော့ချစ်သူ
အလွမ်းတွေကင်းပြီး
ဆူးခရောင်းလို့ မကြမ်းဖို့ 
နှလုံးသားချင်း ထပ်တူညီကြစို့ လား။

အိမ်မက်ဆိုတာ မက်ခွင့်ရှိတဲ့
နှလုံးသားအမြုတေတစ်ခုဖြစ်ခဲ့မယ်ဆိုလျှင်
နင့်ရှိတဲ့ အရပ်ကို မျှားဦးလှည့်
ငါ့နှလုံးသားကို ကမ္မည်းထိုးခွင့်ပေးလှည့်ပါ။

နင့်ရဲ့အချစ်က ပျားပိတုန်းလေးဖြစ်ခဲ့မယ်ဆု
ငါ့ရဲ့ ရင်ရိပ်ဝန်းမှာ မှေးစက်
အလွမ်းဝတ်ရည်လေးတွေ
ပြန့် ကျဲ ပေးလှည့်ပါ ချစ်သူ။

နုနုရွှရွှ လှမ်းလာတဲ့ နင့်ခြေလှမ်းထဲမှာ
အချစ်တွေနဲ့ ပြည့်ပါစေ
နင့်လျှောက်လှမ်းတဲ့ ခြေလှမ်းတိုင်း
ပန်းတွေနဲ့ သင်းပါစေတော့
ချစ်သူရယ်လို့ .................။

....................................................

အချစ်တွေက ဝေ
ပန်းခရေက ကြွေ
တစ်သက်မှာ တစ်ခါချစ်
ချစ်သူ လျှောက်သောလမ်း
ပန်းတွေနဲ့ ပြည့်စေ။


♥♥♥ ကဗျာရိပ် ♥♥♥
October,29,2013

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates