Saturday, November 30, 2013

♥♥♥ရင်ဝှက်သင်္ကတ+ အချစ်♥♥♥

♥♥♥ရင်ဝှက်သင်္ကတ+ အချစ်♥♥♥


ရင်မှာတွယ်တဲ့ အချစ်
မနေ့ ကလို နေမသာနိုင်တော့ပါလား

ဒသနမသိတဲ့ လူ့ အရိုင်းတစ်ယောက်လို့ 
အချစ်ဆိုတဲ့ မြေပေါ် စမ်းတစ်ဝါးဝါးလျှောက်
မြေစမ်းပြီး ခရမ်းပျိုး
ငါ့ဘ၀မှာ ဗေဒါတွေ အမြဲလိုလို ငိုခဲ့တယ်။

အလှပဂေးမှမဟုတ်တော့
အကျည်းတန်တာပေါ့ချစ်သူ
ဒါကို အားနည်းချက်ရယ်လို့ 
စွဲချက် သ၀ဏ်လွှာတွေရေးပို့ 
ငါ့အသည်းကတော့ အပြုံးရိပ်တောင် မသမ်းနိုင်ရှာတော့ဘူး

အသည်းနုလို့ မဟုတ်ဘူးချစ်သူ
သစ္စာဆိုတာကို မျက်ရည်လိုသဘောထား
နင့်နားမှာ သက်တော်စောင့်အဖြစ်
ထာဝရ မှေးစက်ချင်ရုံလောက်ပါ။

တစ်ခုလောက်မေးပါရစေ
ရင်ဝှက်ကြိုးတွေ ဘယ်လောက်မြဲမြဲ
ကံဆိုတဲ့ကောင်ကြီးကို မိတ်ဆွေဖွဲ့ 
နင်ကို ချစ်ခဲ့တဲ့ ငါ့အချစ်
ဘာလက်နက်နဲ့ သတ်ရပါ့မလဲ။

ဥပက္ခာတရားဆိုတာ
နင်သုံးနေကျ ဝေါဟာရနယ်ပယ်တစ်ခုလား
သစ္စာဆိုတာ နင်ကြည့်နေကျ
မျက်ဝန်းနှစ်စုံလား
အချစ် အချစ်လို့  ပါးစပ်ကတစ်ဖွဖွပြော
Romantic ဆိုတဲ့ အချစ်အဓိပ္ပါယ်ကို
သေချာကော သုံးတတ်ခဲ့လို့ လား ချစ်သူရယ်။

♥♥♥ငါ့အတွက်တော့♥♥♥
အချစ်သည် ရံဖန်ရံခါ ပျော်ရွှင်စေတတ်ပြီး
အမြဲလိုလို ပူဆွေးလောင်မြိုက်ခြင်းကိုပေးတတ်သော
မျက်မမြင် သင်္ကတ ပင်ဖြစ်သည်။


♥♥♥ကဗျာရိပ်♥♥♥
October,25,2013

1 ခုပြန်လည်ပြောဆိုထားသည်။:

ရင်ခုန်ရသူ said...

အိုး....လှလိုက်တဲ့ဘလော့လေး...
စာလေးတွေကအသက်ဝင်လို့ 
တကယ်ပါရောက်ခဲ့မိတာစိတ်ချမ်းသာလိုက်တာ
ဆက်လာကြိုးစားပါနော် နောက်လည်းအမြဲလာအားပေးမယ်နော်..
ကျနော့ဘလော့လေးလည်းစိတ်ပါရင်လှည့်လည်ဖို့  ဖိတ်ခေါ်ပါတယ်ခင်ဗျာ

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates