Thursday, February 20, 2014

♥♥♥ သခင့်အပါး အလွမ်းကောက်ပါရစေ ♥♥♥


                                                  ♥♥♥ သခင့်အပါး အလွမ်းကောက်ပါရစေ ♥♥♥
 


အတိတ်က ရေညှိုတွေ နဲ့ ဖုံးလွမ်း
အလွမ်းကတော့ ခပ်နွေးနွေးကျန်နေတုန်းပါပဲ
ခပ်နက်နက်ပစ်ချလိုက်တဲ့မြှားက
သခင့်အပါး ထာဝရ သက်တော်စောင့်ဖို့ များလားကွယ်။

အပြာရောင်တိမ်တိုက်တွေကို
စကားတစ်ခွန်းပါးလို့ 
နင့် နှလုံးသား ခြေတော်ရင်း
ငါ အလွမ်း အမြဲကောက်ပါရစေပေါ့။

နင်ကတော့ စာမလာသတင်းမကြား
လေလွှင့်နေတဲ့ ငှက်ငယ်လေးလို
အပြုံး တွေ မလူးလွန့် 
ငါ့နှလုံးသား လေစိမ်းတွေ ပိတ်မိလို့ နေခဲ့တယ်။

နံရံပေါ်က ကဗျာရေ
စက္ကူဖြူ မင်ရည်ရွှဲဖို့ 
နင့်လက်ရေး ၀ိုင်းဝိုင်းလေးတွေလိုအပ်တယ်
အဲဒီလိုပဲ ငါ့ရင်ခုန်သံစည်းချက်ညီဖို့ 
နှသားအာဟာရ တွေ ငါလိုအပ်တယ်။

အချစ်ကြောင့် အလွမ်းတွေ ကပ်ပါးပိုးဖြစ်ပါစေ
နင့်အတွက်ဆို အလွမ်းတွေကို ဆေးဖက်ဝင်အောင်
သုံးချင်သေးလို့ ပါ
ဥပက္ခာတရားကြောင့် အချစ်တွေ ငိုနေကြပါစေ
နင့်အတွက်ဆို အမြဲထာဝရ သီးပွင့်ပေးမဲ့
အာဒံရဲ့ သစ်သီးတစ်လုံးဖြစ်နေချင်သေးတယ်။

သခင်ရယ်..
တကယ်ဆို အနား နှစ်နားညီဖို့ 
ညီမျှခြင်း ချချိန်တိုင်း
ငါ့တို့ နှလုံးသားတွေ
မီးလောင်တိုက် အသွင်းခံရစမြဲပါ။

ဘယ်လိုပင်ဖြစ်ပါစေ
အချစ်ဝေါဟာရနယ်မြေကို
မကျော်လွန်နိုင်သရွေ့ တော့
သခင့်အပါး အလွမ်းတွေ ကောက်နေပါ၇စေတော့။


အတိတ်က ရေညှိုတွေ နဲ့ ဖုံးလွမ်း
အလွမ်းကတော့ ခပ်နွေးနွေးကျန်နေတုန်းပါပဲ
ခပ်နက်နက်ပစ်ချလိုက်တဲ့မြှားက
သခင့်အပါး ထာဝရ သက်တော်စောင့်ဖို့ များလားကွယ်။



♥♥♥ကဗျာရိပ် ♥♥♥
၂၃. ဒီဇင်ဘာလ..၂၀၁၃

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates