Saturday, February 22, 2014

♥♥♥ နွေဥသြရဲ့  ဒုတိယမြောက်ရင်ခုန်သံ♥♥♥

♥♥♥ နွေဥသြရဲ့  ဒုတိယမြောက်ရင်ခုန်သံ♥♥♥


 
ဒီဆဲလ်အသေတွေထဲမှာ
ငါ့ရင်ခုန်သံတွေ ခိုးခိုးပြူံး
နားလည်မူ့ တွေကို
ဘာသာပြန်ခဲ့ဘူးတယ်..

နွေလေတွေ မချိုချိန်မှာ
ဆောင်းမနက်တိုင်းက
အသက်မဲ့ခဲ့တယ်
ခြေရာကောက်ဖို့ လမ်းပျောက်ကိုရှာရင်း
ဒီမနက်ခင်းတစ်ခုလုံး ခြောက်သွေ့ စေခဲ့တယ်

ရနံလှိုင်မှ တော်ဝင်တဲ့လား
ငါ့နားက အညတရတွေ
ပွင့်ချင်တိုင်းပွင့် လှချင်တိုင်းလှနေတာ
အမြင်အာရုံတွေထွေပြား
တစ်ချိန်တော့ ကြွေရစမြဲပါ

အမှန်တရားတဲ့လား
အချဉ်တွေ များတဲ့ဓါတ်စာလို
ခဏ ခဏ ချီလိုက် ချလိုက်မလုပ်ချင်ပါနဲ့ တော့
ရင်ဘတ်က ခေါင်းလောင်းသံ
နင့် နားနဲ့ ကြားစေချင်သေးတယ်..

အငိုတိတ်ဖို့ နင့်ကိုလွမ်းတယ်
ပတ်သတ်ခွင့်ပြုပါလို့ 
တောင်းဆိုချိန်ရောက်တိုင်း
ငါ့ရင်ထဲ တစ်ဆစ်ဆစ်နာ
နင့် အတွက် ငါ ရိုမီယို မဖြစ်နိုင်တော့ဘူးလား။

♥♥♥ကဗျာရိပ်♥♥♥
4.2.2014

3 ခုပြန်လည်ပြောဆိုထားသည်။:

Unknown said...

good

မိုးနတ် said...

ကဗျာကောင်းလေးကို လည်လည်လာရင်းဖတ်သွားခဲ့တယ်။

Unknown said...

တတလည်းလာဖတ်သွားပါတယ်..

သေသေသပ်သပ်လေးဖွဲ့စည်းထားတာအားကျမိပါရဲ့။

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates