Wednesday, August 20, 2014

** အချစ်ဟုအမည်တွင်စေခဲ့သော်**

** အချစ်ဟုအမည်တွင်စေခဲ့သော်**


သင်္ကတ တစ်ခုနဲ့ တစ်ခုကြားမှာ
အရောင်ပြောင်းစေဖို့ ..
အချစ်တစ်ခုနဲ့ အလဲအလှယ်လုပ်ကြရအောင်..။

ဝေးပြီဆိုမှာတော့ လက်ပြနေလည်းအပိုပဲပေါ့
စကားလုံးတွေ သိပ်ပြီးဖောင်းပွတဲ့နေ့ က
သူမျက်နှာတစ်ဝိုက် ကျွန်မမျက်ရည်တွေနဲ့ 
ပက်ဖျန်းပေးခဲ့မိတယ်...။


မလိုအပ်လို့ စွန့်ပစ်လိုက်ရမည့်အရာထဲ
ကျွန်မ ရင်ခုန်သံတွေမပါဘူး..
အဲဒီလိုပဲ.
ကြိုးတစ်ချောင်းကို လိုအပ်တဲ့သူအတွက်
ကျိုးပဲ့ ခြင်းနဲ့ အသက်မဆက်ဘူး.
မျှော်လင့်ချက်နဲ့ အသက်ရှင်သူအတွက်
မနက်ဖြန်ဆိုတာ သူ့ အတွက် တန်ဖိုးတစ်ခုပေါ့။

အပြိုင်အဆိုင်ကြားမှာ
ကျွန်မစိတ်ကို ကျွန်မ အသက်သွင်း
ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ဖြစ်ဖို့ ကြိုးစားရင်း
လမိုက်ညမှာ လမ်းထွက်လျှောက်ခဲ့တယ်..

ဘ၀ဆိုတာ တူးဖော်စရာ
တွင်းထွက်တွေနဲ့ 
ကျွန်မရဲ့ ဝင်သက်ထွက်သက်တိုင်းကို
အသက်ရူမှားစေခဲ့တယ်..ဆိုရင်

အချစ်တစ်ခုပေါ်မှာ.
ကျွန်မက ရူးသွပ်ခဲ့တာမဟုတ်ဘူး
ရိုးသားခဲ့တာ.
အလွမ်းတစ်ခုပေါ်မှာ
ကျွန်မက မှိုင်းမိခဲ့တာမဟုတ်ဘူး
ခံစားချက်ကိုပဲ အလိုလိုက်ခဲ့တာ.

ဘ၀မှာ...
သိပါစေလို့ ဆုတောင်းချင်ထက်
သူ့ နှလုံးသား အဝေးမထွက်သွားဖို့ က
အရေးကြီးခဲ့တာဆိုရင်..
ပျက်စီးခြင်းဆိုတဲ့တရားကို
နောက်ကျောပေးထားကြရုံပေါ့။

ကဗျာရိပ်
16/8/2014

0 ခုပြန်လည်ပြောဆိုထားသည်။:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဒီဇိုင်း:

Free Blog Templates